Skip to main content

Featured

World's End Harem

Translator- Thaung Nway Oo Encoder-Shu Kuros Episode-1  Mega   Episode-2  Mega(Censored)                     Mega(Uncensored) Episode-3 soon

Komi can't communicate




Genres : coming-of-age,romantic, comedy ,slice of life

Review :

ယနေ့ဟာ Shouko Komi ရဲ့ Itan ဆိုတဲ့ ဂုဏ်သတင်းကြီးမားလှတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကြီးမှာတက်ရောက်ရမယ့် ပထမဆုံးနေ့ဖြစ်ပြီး သူမဟာ ကျောင်းရဲ့စံပြအမျိုးသမီးဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။ နက်မှောင်ရှည်လျားတဲ့ဆံနွယ်၊ မြင့်မားပြီး ကျက်သရေရှိလှတဲ့ အသွင်‌တွေကြောင့် သူမကို အမှတ်တမဲ့ တွေ့မြင်မိလိုက်တဲ့ လူတိုင်းရဲ့အာရုံကို‌ တောင် ဖမ်းစားထားနိုင်ပါတယ်။ ဒါပေမယ့်သူမရဲ့ထင်ပေါ်ကျော်ကြားမှုအပြင် ပြဿနာတစ်ခု ရှိနေပါ‌တယ်။ အဲဒါကတော့ သူမဟာအခြားသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ အလွန်ညံ့တယ် ဆိုတဲ့အချက်ပါဘဲ။
Hitohito Tadano ဆိုတဲ့သူကတော့သာမန်အထက်တန်း ကျောင်းသားတစ်ယောက် ဘဲဖြစ်ပါတယ်။ သူ့ရဲ့ "အခြေအနေကို စောင့်ကြည့်လေ့လာပြီး ပြဿနာမှ ကင်းရှင်းအောင်နေပါ" ဆိုတဲ့ ဘဝဆောင်ပုဒ်အရ Shouko ရဲ့ဘေးနားမှာထိုင်ရခြင်းဟာ တစ်တန်းလုံးကို သူ့ရဲ့ရန်ဘက်ဖြစ်‌စေတယ်ဆိုတာကို လျင်လျင်မြန်မြန်ဘဲ ရှာ‌‌ဖွေတွေ့ရှိသွားခဲ့တယ်။ တစ်နေ့မှာတော့ မတော်တဆမှုကြောင့် သတိလစ်ပြီး မေ့မြော‌နေတဲ့ Hitohito က Shouko ရဲ့ "meow" ဆိုတဲ့အသံကိုကြားရပြီး နိုးလာခဲ့ပါတယ်။ Hitomi ဟာ ဘာမှမကြားခဲ့ဘူးဆိုပြီးပြောခဲ့ပေမယ့်လည်း Shouko ကတော့ အဝေးကိုထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် သူမ ထွက်မပြေးသွားခင်အချိန်ကလေးမှာ Hitohito ကသူမဟာ လူတွေနဲ့လွယ်လွယ်ကူကူ စကားမပြောနိုင်ဘူးဆိုပြီးမှန်းဆခဲ့တယ်။ တစ်ကယ်ကတော့ သူမဟာ အခုအချိန်အထိ သူငယ်ချင်းဆိုလို့ တစ်ယောက်မှမရှိခဲ့ဖူးပါဘူး။ 
အဲဒီလိုနဲ့ Hitohito ဟာ Shouko ရဲ့ "သူငယ်ချင်းအယောက်တစ်ရာရအောင်လုပ်မယ်" ဆိုတဲ့သူမရဲ့ ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင် ကူညီပေးပြီး သူမရဲ့လူတွေနဲ့ ပြောဆိုဆက်ဆံဖို့ ခက်ခဲတဲ့ပြဿနာကို ကျော်လွှားနိုင်အောင် လုပ်ပေးမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။


Translator - Yato
Encoder-Shu Kuros

Episode -1

Coming soon

BASE Anime Channel Presents

Comments

Popular Posts